( 30.10.2012 ) တာချီလိတ်လူငယ်များအဖွဲ့၏ သီတင်းကျွတ်လပြည့်နေ့ အအေးလှူခြင်း နှင့် ဆီမီးတစ်ထောင်ပူဇော်ခြင်း .....

( 7.10.2012 ) တာချီလိတ်လူငယ်များအဖွဲ့မှ ကျောက်လှိုင်ဂူကျေးရွာသို့ စာရေးကိရိယာများနှင့် အ၀တ်အစားများ သွားရောက်လှူဒါန်း...

Friday 14 September 2012

တာချီလိတ်လူငယ်များအဖွဲ့ရဲ့ ပထမအကြိမ် နာရေးကူညီမှု

စက်တင်ဘာ(၁၃)ရက်နေ့ နေ့လည်တွင် သေဆုံးသွားသူ အသက်(၂၇)အရွယ် အမျိုးသားတစ်ဦးအား တာချီလိတ်လူငယ်များအဖွဲ့မှ စက်တင်ဘာ(၁၄)ရက်နေ့ နေ့လည် (၁၂း၄၅)ချိန်တွင် မြို့မ သုဿန်သို့ သွားရောက်ပို့ဆောင် သဂြိုလ်ပေးခြင်းဖြင့် ကူညီဆောင်ရွက်ပေးခဲ့ကြသည်။






သေဆုံးသူမှာ လွယ်စတုံ အမှိုက်ကျင်းတွင် နေထိုင်သူဖြစ်ကြောင်း သိရှိရသည်။

 သေဆုံးသူ၏ မိသားစုမှ နာရေးကိစ္စနှင့်ပတ်သက်၍ မြေနေရာကိစ္စ နှင့် သဂြိုလ်ရန်ကိစ္စအတွက် လိုအပ်လာသောကြောင့် တာချီလိတ်လူငယ်များအဖွဲ့သို့ အကူအညီတောင်းလာရာ တာချီလိတ်လူငယ်များအဖွဲ့မှ အလှူရှင်များနှင့် ပူးပေါင်း၍ ကူညီမှုပေးခဲ့ပါသည်။

နာရေးမှတ်တမ်းဓါတ်ပုံများကိုကြည့်ရန်

တာချီလိတ်လူငယ်များအဖွဲ့

Saturday 1 September 2012

တာချီလိတ်လူငယ်များအဖွဲ့မှ အလူရာဟိုတယ် ၀န်ထမ်းဓမ္မာရုံတွင် အအေးအလှူပေး

တာချီလိတ်မြို့ အလူရာဟိုတယ် ၀န်ထမ်းဓမ္မာရုံ၌ ၀ါတွင်း အဖိတ်နေ့ နှင့် ဥပုပ်နေ့များတွင် ဆရာဦးမြင့်လွင်မှ ဦးစီးကျင်းပသော ခင်ပွန်းကြီး(၁၀)ပါးကန်တော့ခြင်းနှင့် ပဌာန်းအကျယ်ရွတ်ခြင်း၊ တရားထိုင်ခြင်း စသည်များကို ပြုလုပ်နေကြောင်း တာချီလိတ်လူငယ်များအဖွဲ့မှ သိရှိရပါသည်။





အလူရာဟိုတယ် ၀န်ထမ်းဓမ္မာရုံသို့ ရောက်ရှိလာသော တရားနာပရိသတ်များအား တာချီလိတ်လူငယ်များအဖွဲ့မှ အအေးအလှူပေးဝေခဲ့ကြပါသည်။


ထိုဓမ္မာရုံတွင် အဖိတ်နေ့နှင့်ဥပုပ်နေ့တိုင်းတွင် ခင်ပွန်းကြီး(၁၀)ပါးကန်တော့ခြင်းနှင့် ပဌာန်းအကျယ်ရွတ်ခြင်း၊ တရားထိုင်ခြင်း စသည်များကို ပြုလုပ်နေလျှက်ရှိပါသည်။ တရားနာပရိသတ်များအနေဖြင့် သွားရောက်၍ ခင်ပွန်းကြီး(၁၀)ပါးကန်တော့ခြင်းနှင့် ပဌာန်းအကျယ်ရွတ်ခြင်း၊ တရားထိုင်ခြင်း စသည်များပြုလုပ်ကျင့်ကြံနိုင်ပြီး အလှူအဒါန်းများလည်း ပြုလုပ်နိုင်ပါသည်။

ပုံများကြည့်ရန်


တာချီလိတ်လူငယ်များအဖွဲ့