( 30.10.2012 ) တာချီလိတ်လူငယ်များအဖွဲ့၏ သီတင်းကျွတ်လပြည့်နေ့ အအေးလှူခြင်း နှင့် ဆီမီးတစ်ထောင်ပူဇော်ခြင်း .....

( 7.10.2012 ) တာချီလိတ်လူငယ်များအဖွဲ့မှ ကျောက်လှိုင်ဂူကျေးရွာသို့ စာရေးကိရိယာများနှင့် အ၀တ်အစားများ သွားရောက်လှူဒါန်း...

Saturday 25 August 2012

တာချီလိတ်လူငယ်များအဖွဲ့မှ တာချီလိတ်မြို့၌ ရေဘေးဒဏ်ခံရသူများအတွက် စားစရာများပေးဝေ

၂၀၁၂ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ 12:30AM ခန့်မှစ၍ တာချီလိတ်မြို့တွင် လျှပ်တပြက်မိုးကြီး
ရေတက်လာခဲ့ရာဝမ်ကောင်းရပ်ကွက်ရှိ ချောင်းငယ်မှ ရေတက်လာမှုမျိုးဖြစ်ခဲ့သည့်အတွက် လူဦးရေ(၁၂၀)ခန့်သည် ရေတက်လာမှုကြောင့်ရေဘေးသင့်ဒုက္ခရောက်ခဲ့ကြကြောင်း သိရှိရပါသည်။






တာချီလိတ်လူငယ်များအဖွဲ့မှရေဘေးဒဏ်ခံရသူများအား စားစရာများအဖြစ် ထမင်းဗူးများနှင့် ရေသန့်ဗူးများ သွားရောက်ပေးဝေခဲ့ကြပါသည်။

ချောင်းငယ်ဘေးရှိ နေအိမ်များအတွင်းသို့ ရေများ ၀င်ရောက်မှုကြောင့် အ၀တ်အစားများ၊ အသုံးအဆောင်ပစ္စည်းများ နေရာထိုင်ခင်းများ စသည်တို့သည် ရွံ့နွံများဖြင့်
ပေကျံနေခဲ့တာများရှိခဲ့သလို ရေထဲပါသွားသည်များလည်းရှိခဲ့ကြောင်းသိရသည်။ ၀မ်ကောင်းရပ်ကွက် ကချင်ရွာဘက်သွားသော အမေပုအိမ်ဝန်းဟု လူသိများသည် အိမ်ဝန်းအနီးတွင်
ချောင်းငယ်တစ်ခုရှိတာကြောင့် ရေများ အဆမတန်တက်ခဲ့မှုဖြစ်ပေါ်ခဲ့ရာ ထိုအိမ်ဝန်းထဲရှိ အိမ်ခန်းငှားနေသူများမှာ ညမှောင်မဲထဲ ကြောက်လန့်စိတ်ဖြင့် ငိုနေကြသည့် ကလေး သူငယ်များ နှင့်
မျက်မမြင်အမျိုးသမီးတစ်ဦး၏ သားသမီးဇောဖြင့် ရွံ့နွံထဲအလန့်တကြားအော်ဟစ်သံများ ပစ္စည်းများကို သယ်ယူရွေ့ပြောင်းနေကြသူများ ရွံ့နွံထဲမှ ရုန်းထွက်နေကြသော ကလေး သူငယ်များ စသည့်ဖြင့် လူဦးရေ(၅၀)ကျော်တို့သည် ထိုည၏ ရုတ်တရက်ဖြစ်ပေါ်လာသော ရေတက်လာမှုကို ခံခဲ့ကြရပါသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်လူငယ်များအဖွဲ့မှ ရေဘေးဒဏ်ခံရသူများအား စားစရာများပေးဝေ24 photo
တာချီလိတ်လူငယ်များအဖွဲ့

Monday 20 August 2012

၈.၈.၂၀၁၂ မှ ၁၉.၈.၂၀၁၂ ထိ ငွေစာရင်းရှင်းတမ်း


တာချီလိတ်လူငယ်များအဖွဲ့အနေဖြင့် လိုအပ်သည့်နေရာများတွင် ဖြည့်ဆည်းပေးနိုင်ရန်အတွက် အဖွဲ့ကို ဖွဲ့ထားခြင်းဖြစ်ပါသည်။


လူမှုအကျိုးပြုအဖွဲ့တို့သည် လုပ်ဆောင်ရန်နှင့် လိုအပ်ချက်များကို ရှာဖွေထောက်ပြရမှာဖြစ်ပြီး လုပ်အားမပါဝင်နိုင်သော အလှူရှင်များအနေဖြင့် အလှူငွေပါဝင် လှူဒါန်းနိုင်ကြရန်အတွက် လိုအပ်သည်များကို ထောက်ပြ၍ အလှူငွေကောက်ခံခြင်းဖြစ်ပါသည်။
ထိုကဲ့သို့ ခေါင်းစဉ်အောက်တွင် အလှူငွေကောက်ခံပြီး လိုအပ်သည်များကို ပေးလှူပါသည်။ ပိုသည့် ငွေများကို အဖွဲ့၏ အရေးပေါ်လုပ်ဆောင်ရန် ကိစ္စရပ်များဖြစ်သော နာမှုကူညီပေးခြင်း၊ နာရေးကူညီပေးခြင်း နှင့် အခြားလိုအပ်ချက်များကို ကူညီနိုင်ရန်အတွက် အဖွဲ့၏ ရံပုံငွေအဖြစ် သိမ်းဆည်းထားပါသည်။

တာချီလိတ်လူငယ်များအဖွဲ့သည် ၈.၈.၂၀၁၂ မှ ၁၉.၈.၂၀၁၂ ထိ (၅)ကြိမ်တိုင်တိုင် လိုအပ်သည့်နေရာများတွင် လှူဒါန်းမှုများပြုလုပ်နိုင်ခဲ့ပါသည်။

၈.၈.၂၀၁၂ မှ ၁၉.၈.၂၀၁၂ ထိ ကောက်ခံရငွေ နှင့် ကုန်ကျငွေ ၊ ကျန်ငွေများမှာ
  • ကောက်ခံရရှိသော အလှူငွေ ။ ။ 45170 - ဘတ်(လေးသောင်းငါးထောင်တစ်ရာခုနှစ်ဆယ်ဘတ်)
  • လှူဒါန်းမှုအတွက် သုံးငွေ ။ ။ 28203 - ဘတ် (နှစ်သောင်းရှစ်ထောင်နှစ်ရာသုံးဘတ်)
  • လက်ကျန်ငွေ ။ ။ 16967 - ဘတ် ( တစ်သောင်းခြောက်ထောင်ကိုးရာခြောက်ဆယ့်ခုနှစ်ဘတ်)
တို့ဖြစ်ကြပါသည်။

အတိအကျမှာ
ပထမအကြိမ်တွင် မင်္ဂလာဇေယျုံကျောင်းတိုက်သို့
  • ကောက်ခံရရှိသော အလှူငွေ။ 7500 ဘတ်
  • အသုံးပြုငွေ ။ 7500 ( ဆိုင်ကယ်တစ်စီး)

ဒုတိယအကြိမ်တွင် ကျိုက်ထီးရိုးစေတီကျောင်းဆောင်သို့
  • ကောက်ခံရရှိသော အလှူငွေ။ 10710 ဘတ်
  • အသုံးပြုငွေ ။ 7000 ( အုတ်/ဘိလပ်မြေ)
  • ကျန်ငွေ။ 3710 ဘတ်

တတိယအကြိမ်တွင် ၀မ်ကောင်း ယဉ်ကျေးလိမ္မာသင်တန်းသို့
  • ကောက်ခံရရှိသော အလှူငွေ။ 360 ဘတ်
  • အသုံးပြုငွေ ။ 360 ဘတ် ( မုန့်ဝေ )

စတုတ္ထအကြိမ်တွင် ကျိုက်ထီးရိုးစေတီကျောင်းဆောင်သို့
  • ကောက်ခံရရှိသော အလှူငွေ။ 20000 ဘတ် ( တစ်ဦးတည်းအလှူရှင် )
  • အသုံးပြုငွေ ။ 8700 ဘတ် ( သွပ်/သံ/သစ်)
  • ကျန်ငွေ။ 11300 ဘတ်

ပဉ္စမအကြိမ်တွင် ၀မ်ကောင်း ယဉ်ကျေးလိမ္မာသင်တန်းသို့
  • ကောက်ခံရရှိသော အလှူငွေ။ 6600 ဘတ်
  • အသုံးပြုငွေ ။ 3643 ဘတ်
  • ကျန်ငွေ။ 2957 ဘတ်
အရေးပေါ် လူမှုကူညီငွေဖြစ်သော
  • 8.8.2012 တွင် နာရေး ကူငွေ - ၅၀၀ ဘတ်
  • 13.8.2012 တွင် ကလေးတစ်ဦးအား နာမှု့ ကူညီငွေ - ၅၀၀ ဘတ်
တို့ဖြစ်ကြပါသည်။

နောက်ပိုင်းတွင် ငွေစာရင်းရှင်းတမ်းကို တစ်လတစ်ကြိမ် တင်ပြသွားပါမည်။

တာချီလိတ်လူငယ်များအဖွဲ့

Sunday 19 August 2012

တာချီလိတ်လူငယ်များအဖွဲ့မှ ၀မ်ကောင်းရပ်ကွက်ရှိ ယဉ်ကျေးလိမ္မာသင်တန်းမှ ကလေးသူငယ်များအား စာရေးကိရိယာများပေးဝေ

သြဂုတ်လ(၁၉)ရက်နေ့ ည (၇)နာရီတွင် တာချီလိတ်လူငယ်များအဖွဲ့တို့သည် တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်၏ ရပ်ကွက်ရုံးဘေးတွင် တည်ဆောက်ထားသော သာရေး နာရေး ဓမ္မာရုံအတွင်း၌ ကျောင်းဖွင့်ရာသီ တနင်္ဂနွေနေ့ ညတိုင်း ကလေး သူငယ်များကို ယဉ်ကျေးလိမ္မာသင်တန်း ပို့ချ့ပေးနေလျက်ရှိသော နေရာသို့ သွားရောက်ပြီး စာအုပ်(၅၇)ဒါဇင်နှင့် ခဲတံ၊ ပေတံ၊ ခဲဖျက် အပြင် မုန့်များနှင့် တစ်ဦးချင်းစီ ပေးဝေခဲ့ကြသည်။



ထို့အပြင် ယဉ်ကျေးလိမ္မာသင်တန်းပို့ချပေးနေသော အဖွဲ့အား တာချီလိတ်လူငယ်များအဖွဲ့မှ အထွေထွေအသုံးပြုနိုင်ရန်အတွက် အလှူငွေ ( ၃၀၀၀ ) ဘတ်ကို ပေးလှူခဲ့ကြပါသည်။


ထို့ကဲ့သို့ လှူဒါန်းနိုင်ရန်အတွက် တာချီလိတ်လူငယ်အဖွဲ့အား တာချီလိတ်မြို့ရှိ စေနာရှင်များမှ ပါဝင်လှူဒါန်းကြရာ
  1. မအားရီ - စာရေးကိရိယာ(၅၂)ဒါဇင်
  2. မအေးမန်း - စာရေးကိရိယာ(၅)ဒါဇင်
  3. ကိုအောင်နိုင်ဦး - ၁၀၀၀ ဘတ်
  4. အမည်မဖော်လိုသူမှ - ၁၀၀၀ ဘတ်
  5. မမီးငယ်လေး - ၁၀၀၀ ဘတ်
  6. ကိုစိုင်းအောင်ဦး နှင့် စက်ချုပ်ဆရာမများ - ၈၀၀ ဘတ်
  7. ကိုထင်လင်း ( ဓါတ်ပုံ/ဗွီဒီယို ရိုက်ကူးရေး ) - ၅၀၀ ဘတ်
  8. ကိုစိုင်းနော်လိတ် ( ဟန်ဝင်း - ဆိုင်ကယ်ပြင်ဆိုင် ) - ၅၀၀ ဘတ်
  9. မနန်းရှဲန်မွန်း ( ဟန်ဝင်း - ဆိုင်ကယ်ပြင်ဆိုင် ) - ၅၀၀ ဘတ်
  10. မတင်နီလာဝင်း - ၅၀၀ ဘတ်
  11. ကိုဇာနည်(ပုန်းထွန်) - ၃၀၀ ဘတ်
  12. ကိုငယ်လေး(အလူရာ-ဟိုတယ်) - ၂၀၀ ဘတ်
  13. မလတ် (အလူရာ-ဟိုတယ်) - ၂၀၀ ဘတ်
  14. မသန္တာ (အလူရာ-ဟိုတယ်) - ၁၀၀ ဘတ်
တို့ဖြစ်ကြပါသည်။

တာချီလိတ်လူငယ်များအဖွဲ့သည် သာရေး နာရေး နာမှု နှင့် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန်အတွက် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။ အလှူရှင်များအနေဖြင့် လှူဒါန်းထားသော ပိုငွေများကို တာချီလိတ်လူငယ်များအဖွဲ့အနေဖြင့် အရေးပေါ်သုံးဖြစ်သော နာမှု နာရေး များတွင် ကူညီထောက်ပံ့ နိုင်ရန်အတွက် အဖွဲ့မှ သိမ်းဆည်းထားပါသည်။

တာချီလိတ်လူငယ်များအဖွဲ့သို့ ဆက်သွယ် လှူဒါန်းလိုပါလျှင်
  • Thai Phone:084 522 5713 | 080 853 3853
  • Email: tachileikyouth@gmail.com
-=-=-=-=-=-

ယဉ်ကျေးလိမ္မာသင်တန်းအဖြစ် ကလေးသူငယ်များအား သင်ကြားပို့ချပေးနေသော အဖွဲ့မှာ ၀မ်ကောင်းရပ်ကွက်နေ ကိုထွန်းလူ နှင့် လူငယ်များမှဖြစ်ကြသည်။


၎င်းတို့အနေဖြင့် ပြီးခဲ့သော ကျောင်းပိတ်ကာလ များတွင်လည်း သင်ကြားခဲ့ပါသည်။ ၎င်းတို့သည် ကျောင်းဖွင့်ကာလတွင် တစ်ပတ်မှာ တစ်ရက်(တနင်္ဂနွေ့) ကလေးသူငယ်များအား ဗုဒ္ဓဘာသာနဲ့ပတ်သက်၍ လိမ္မာတတ်သိ နားလည်စေရန်အတွက် သင်ကြားပေးနေလျှက်ရှိသည်။ ထိုကဲ့သို့ သင်ကြားပေးနေခြင်းသည် ကလေးသူငယ်များအဖို့ အထူးလိုအပ်သော ကိစ္စတစ်ရပ်ဖြစ်ပါသည်။

၎င်းတို့အဖွဲ့အား အလှူရှင်များအနေဖြင့် လှူဒါန်းလိုပါလျှင် အပတ်စဉ် တနင်္ဂနွေနေ့ ညစဉ်(၆)နာရီတိုင်း ၀မ်ကောင်းရပ်ကွက်ရုံးဘေးရှိ သာရေး နာရေး ဓမ္မာရုံသို့ သွားရောက် စုံစမ်းနိုင်ပါသည်။

ပုံများကိုကြည့်ရန်

တာချီလိတ်လူငယ်များအဖွဲ့

Wednesday 15 August 2012

ကျိုက်ထီးရိုးကျောင်းဆောင်သို့ ဒုတိယအကြိမ် သွားရောက်လှူဒါန်း

12.8.2012နေ့တွင် တာချီလိတ်လူငယ်များအဖွဲ့မှ အလှူရှင် ကိုဟိန်းထူး နှင့် အဖွဲ့ဝင် (၁၀)ဦးတို့သည် ကျိုက်ထီးရိုးစေတီကျောင်းဆောင်သို့ ဒုတိယအကြိမ်မြောက် လှူဒါန်းခဲ့ကြပါသည်။ ကျောင်းဆောင်အတွက် ထပ်မံလိုအပ်နေသည့် သွပ်၊ သံ၊ သစ်၊ များကို ဖြည့်စွတ်လှူဒါန်းခဲ့ကြသည်။





ထို့အပြင် တာချီလိတ်လူငယ်အဖွဲ့တို့သည် တာချီလိတ် ကျိုက်ထီးရိုးစေတီသို့ သွားရောက်၍ စေတီဝန်းကျင်အနီးတွင် သန့်ရှင်းရေးများပြုလုပ်ခဲ့ကြသည်။

ထိုနေ့သည် လူငယ်များအနေဖြင့် ကျိုက်ထီးရိုးစေတီသို့ သွားရန်အတွက် တောတိုးသွားရ ချုံရှင်းသွားရသည်မှာလည်း ပျော်စရာကောင်းခဲ့ပြီး မိမိတို့ လှူဒါန်းခဲ့သော အရာများအတွက် များစွာ ပီတိဖြစ်ရပြီး သာဓုခေါ်ဆိုခဲ့ကြပါသည်။ ကျွန်တော်တို့နှင့် ထပ်တူ သာဓုခေါ်ဆိုနိုင်ရန်အတွက် မှတ်တမ်းတင်လိုက်ပါသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်လူငယ်များမှကျိုက်ထီးရိုးစေတီ ကျောင်းဆောင်သို့ (ဒု-ကြိမ်)30 photo

တာချီလိတ်လူငယ်များအဖွဲ့

Sunday 12 August 2012

တာချီလိတ်လူငယ်များအဖွဲ့မှ ၀မ်ကောင်းရပ်ကွက်ရှိ ယဉ်ကျေးလိမ္မာသင်တန်းမှ ကလေး(၄၀)ခန့်အား မုန့်များပေးဝေ

ဒီနေ့(၁၂.၈.၂၀၁၂)ညနေ(၇)နာရီခန့်တွင် တာချီလိတ်လူငယ်များအဖွဲ့သည် ၀မ်ကောင်းရပ်ကွက်တွင် ၀မ်ကောင်းလူငယ်များမှ ယဉ်ကျေးလိမ္မာသင်တန်းကို သင်ကြားပေးနေလျက်ရှိရာ သင်တန်းသို့ ရောက်ရှိလာသော ကလေး သူငယ် ( ၄၀)ခန့်ကို မုန့်များသွားရောက် ပေးဝေခဲ့ကြပါသည်။



ယဉ်ကျေးလိမ္မာသင်တန်းသည် ၀မ်ကောင်းရပ်ကွက်ရှိ ဓမ္မာရုံတွင် သင်ကြားပို့ချပေးနေလျက်ရှိပြီး ယခုလသည် ကျောင်းဖွင့်ရာသီဖြစ်တာကြောင့် တနင်္ဂနွေနေ့ ညတိုင်း(၆)နာရီမှ(၈)နာရီခန့် ထိ သင်ကြားပေးနေလျက်ရှိကြောင်း သိရပါသည်။

ပုံများကိုကြည့်ရန်

တာချီလိတ်လူငယ်များ
http://youth.tachileik.net

Thursday 9 August 2012

တာချီလိတ်လူငယ်များရဲ့ ဒုတိယအကြိမ်မြောက် လှူဒါန်းမှု

တာချီလိတ်လူငယ်များ အနေဖြင့် လိုအပ်နေသည်များကို ဖြည့်စွမ်းပေးနိုင်ရန်အတွက် လူငယ်များပူးပေါင်း၍ အလှူငွေများကောက်ခံပြီး ဒုတိယအကြိမ်အဖြစ် လှူဒါန်းမှု ပြုနိုင်ခဲ့ပါသည်။




တာချီလိတ်မြို့ ၀မ်မိုင်ရွာအနီး မင်းဓမ္မတောင် ကျိုက်ထီးရိုးစေတီ ကျောင်းဆောင် ဆောက်လုပ်ရန်အတွက် အုတ်၊ သဲ၊ သွပ်၊ ကျောက် နှင့် ဆောက်လုပ်ရေးပစ္စည်းများ လိုအပ်နေသည်ဖြစ်သလို
ကျောင်းဆောင်ဆောက်လုပ်ရန်အတွက် ဆရာတော်များ ကြိုးစားဆောက်လုပ်နေသည်မှာ ( ၃ ) လခန့်ကြာပြီဖြစ်သော်လည်း အထမမြောက်သေး၍ တာချီလိတ်လူငယ်များအနေဖြင့်
တတ်နိုင်သလောက် အုတ်(၅၀၀) နှင့် ဘိလပ်မြေ ( ၃၅ )အိတ် အပြင် အလှူငွေများထည့်ဝင်ခဲ့ကြပါသည်။



ယခုကဲ့သို့ သွားရောက်လှူဒါန်းနိုင်ရန်အတွက် ပါဝင်လှူဒါန်းကြသော အလှူရှင်များမှာ

  1. ပြည့်ဖြိုးအောင် - သောက်ရေသန့်(သူဌေးမ) - 3500 ဘတ်
  2. ကိုစိုင်းဟိန်းဝေဖြိုး - 1100 ဘတ်
  3. စိုင်းနန္ဒကျော် - 1100 ဘတ်
  4. မတင်နီလာဝင်း - 1000 ဘတ်
  5. မအားရီ -800 ဘတ်
  6. ဦးဝင်းကြည် - 600 ဘတ်
  7. ကိုဇာနည် ( ပုန်းထွန် ) - 500 ဘတ်
  8. မမြတ်နိုး - 500 ဘတ်
  9. မနီလာ ( သဇင်အလှပြင်ဆိုင် ) - 200 ဘတ်
  10. ဟတ်ပီးအင်တာနက် - 200 ဘတ်
  11. ကိုသူရဇော် - 100 ဘတ်
  12. မမီးငယ်လေး - 20000 ကျပ်
  13. မအိုအိုး - 10000 ကျပ်
  14. ဒေါ်သီသီလွင် မိသားစု ( သစ်တောရုံး ) - ဘိလပ်မြေ ( ၅ ) အိတ်
တို့ဖြစ်ကြပါသည်။

မင်းဓမ္မတောင် ကျိုက်ထီးရိုးစေတီကျောင်းသို့ သွားရောက်ရန်အတွက် တောင်အောက်မှ
တောင်ပေါ်သို့တက်ရသည်မှာ (၄၅)မိနစ်ခန့်ကြာသည်။

တာချီလိတ်လူငယ်များအနေဖြင့် ရှေ့ဆက်ပြီး ယခုကဲ့သို့ လိုအပ်သည့်နေရာများတွင် ဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ပါသည်။

မှတ်တမ်းဓါတ်ပုံများကိုကြည့်ရန်နိပ်ပါ--> တာချီလိတ်လူငယ်များရဲ့ ဒုတိယအကြိမ်မြောက် လှူဒါန်းမှု 25 photos

တာချီလိတ်လူငယ်များ

Wednesday 8 August 2012

တာချီလိတ်လူငယ်များရဲ့ ပထမခြေလှမ်း

၆.၈.၂၀၁၂ တနလာင်္နေ့တွင် တာချီလိတ်လူငယ်များမှ စုပေါင်း၍ တာချီလိတ်မြို့နယ်
ဟောင်လိတ်ကျေးရွာအုပ်စု (ရီဂျီးနား-ဟိုတယ် အနောက်ဖက်) မင်္ဂလာဇေယျုံကျောင်းတိုက် အတွက် အထွေထွေအသုံးပြုနိုင်ရန် ဆိုင်ကယ်တစ်စီး လှူဒါန်းမှုကို ပြုလုပ်ခဲ့ကြသည်။


မင်္ဂလာဇေယျုံကျောင်းတိုက်မှ ရဟန်းများ ကပ္ပိယများအနေဖြင့် မြို့ထဲနှင့်သွားရလာရ လွယ်ကူစေရန်၊ ဆွမ်းချိုင့်ယူခြင်းများ၊ အရေးပေါ်ကိစ္စများ သွားလိုသည့်အခါ အခက်အခဲမဖြစ်စေရန်အတွက် အကြမ်းသုံးဆိုင်ကယ်(စကမ်းဟမ်း) ကို ၀ယ်ယူ၍ လှူဒါန်းနိုင်ရန်အတွက် တာချီလိတ်သူငယ်များအနေဖြင့် တိုင်ပင်မှုများပြုလုပ်ပြီး အလှူငွေများ ကောက်ခံလိုက်ရာ -

  • ကိုသီဟ ( ၁၀၀၀ - ဘတ် )
  • ကိုကျော်သူထွန်း ( ၁၀၀၀ - ဘတ် )
  • ကိုဟိန်းမင်း ( ၁၀၀၀ - ဘတ် )
  • မမြတ်နိုး ( ၁၀၀၀ - ဘတ် )
  • မမီးငယ်လေး ( ၁၀၀၀ - ဘတ် )
  • မအိုအိုး ( ၁၀၀၀ - ဘတ် )
  • တာချီလိတ်အွန်လိုင်းစာမျက်နှာ ( ၅၀၀ - ဘတ် )
  • မခင်ဌေးဝင်း ( ၄၀၀ - ဘတ် )
  • Happy အင်တာနက် ( ၃၀၀ - ဘတ် )
  • ကိုမောင်တူး ( ၂၀၀ - ဘတ် )
  • ကိုသူရဇော် ( ၁၀၀ ဘတ် )
စုစုပေါင်း ၇၅၀၀ ဘတ် ကို ကောက်ခံရရှိပြီး ၇၀၀၀ ဘတ်တန် ဆိုင်ကယ်တစ်စီးနှင့်အတူ ဘတ်ငွေ ( ၅၀၀ ) အား မင်္ဂလာဇေယျုံကျောင်းတိုက် သို့ လှူဒါန်းခဲ့ပါသည်။



ယခုကဲ့သို့ တာချီလိတ်လူငယ်များ အနေဖြင့် သာရေး နာရေး ဘာသာရေး လူမှုရေးစသည့်ကိစ္စများ၌ လိုအပ်သည်များကို စုပေါင်း၍ လုပ်ဆောင်သွားကြမည်ဖြစ်ပါသည်။

တာချီလိတ်လူငယ်များ