တာချီလိတ်လူငယ်များ အနေဖြင့် လိုအပ်နေသည်များကို ဖြည့်စွမ်းပေးနိုင်ရန်အတွက် လူငယ်များပူးပေါင်း၍ အလှူငွေများကောက်ခံပြီး ဒုတိယအကြိမ်အဖြစ် လှူဒါန်းမှု ပြုနိုင်ခဲ့ပါသည်။
တာချီလိတ်မြို့ ၀မ်မိုင်ရွာအနီး မင်းဓမ္မတောင် ကျိုက်ထီးရိုးစေတီ ကျောင်းဆောင် ဆောက်လုပ်ရန်အတွက် အုတ်၊ သဲ၊ သွပ်၊ ကျောက် နှင့် ဆောက်လုပ်ရေးပစ္စည်းများ လိုအပ်နေသည်ဖြစ်သလို
ကျောင်းဆောင်ဆောက်လုပ်ရန်အတွက် ဆရာတော်များ ကြိုးစားဆောက်လုပ်နေသည်မှာ ( ၃ ) လခန့်ကြာပြီဖြစ်သော်လည်း အထမမြောက်သေး၍ တာချီလိတ်လူငယ်များအနေဖြင့်
တတ်နိုင်သလောက် အုတ်(၅၀၀) နှင့် ဘိလပ်မြေ ( ၃၅ )အိတ် အပြင် အလှူငွေများထည့်ဝင်ခဲ့ကြပါသည်။
ယခုကဲ့သို့ သွားရောက်လှူဒါန်းနိုင်ရန်အတွက် ပါဝင်လှူဒါန်းကြသော အလှူရှင်များမှာ
- ပြည့်ဖြိုးအောင် - သောက်ရေသန့်(သူဌေးမ) - 3500 ဘတ်
- ကိုစိုင်းဟိန်းဝေဖြိုး - 1100 ဘတ်
- စိုင်းနန္ဒကျော် - 1100 ဘတ်
- မတင်နီလာဝင်း - 1000 ဘတ်
- မအားရီ -800 ဘတ်
- ဦးဝင်းကြည် - 600 ဘတ်
- ကိုဇာနည် ( ပုန်းထွန် ) - 500 ဘတ်
- မမြတ်နိုး - 500 ဘတ်
- မနီလာ ( သဇင်အလှပြင်ဆိုင် ) - 200 ဘတ်
- ဟတ်ပီးအင်တာနက် - 200 ဘတ်
- ကိုသူရဇော် - 100 ဘတ်
- မမီးငယ်လေး - 20000 ကျပ်
- မအိုအိုး - 10000 ကျပ်
- ဒေါ်သီသီလွင် မိသားစု ( သစ်တောရုံး ) - ဘိလပ်မြေ ( ၅ ) အိတ်
မင်းဓမ္မတောင် ကျိုက်ထီးရိုးစေတီကျောင်းသို့ သွားရောက်ရန်အတွက် တောင်အောက်မှ
တောင်ပေါ်သို့တက်ရသည်မှာ (၄၅)မိနစ်ခန့်ကြာသည်။
တာချီလိတ်လူငယ်များအနေဖြင့် ရှေ့ဆက်ပြီး ယခုကဲ့သို့ လိုအပ်သည့်နေရာများတွင် ဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ပါသည်။
မှတ်တမ်းဓါတ်ပုံများကိုကြည့်ရန်နိပ်ပါ--> တာချီလိတ်လူငယ်များရဲ့ ဒုတိယအကြိမ်မြောက် လှူဒါန်းမှု 25 photos
တာချီလိတ်လူငယ်များ
0 comments:
Post a Comment