Thursday 1 November 2012

တာချီလိတ်လူငယ်များအဖွဲ့၏ သီတင်းကျွတ်လပြည့်နေ့ အအေးလှူခြင်း နှင့် ဆီမီးတစ်ထောင်ပူဇော်ခြင်း

၂၀၁၂ခုနှစ် အောက်တိုဘာ(၃၀)ရက် သီတင်းကျွတ်လပြည့်နေ့ည(၅)နာရီမှ ည(၈)နာရီထိ တာချီလိတ်ရွှေတိဂုံစေတီရင်ပြင်တော်ပေါ်တွင် ဘုရားဖူးလာဧည့်သည်များအား အအေးတိုက်ခြင်းနှင့် ဆီမီးတစ်ထောင်ပူဇော်ခြင်း ကိစ္စရပ်များကို တာချီလိတ်လူငယ်များအဖွဲ့နှင့် အဖွဲ့ဝင်သူငယ်ချင်းများ၊ အလှူရှင်များ စုပေါင်းကာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။


အအေးတိုက်/လှူရာမှာ ဆန်းကစ်အဆီ(၅)ဖါ၊ ရေသန့်ဗူးကြီး(၃၀)ဗူး၊ ရေခဲတုံကြီး/သေး နှင့် ဖျော်ရည်ထည့်သောခွက် (၄၅၀၀)ကျော်တို့အား အသုံးပြု၍ အဖွဲ့ဝင်များ အဖွဲ့ဝင်သူငယ်ချင်းများမှ ဘုရားဖူးလာဧည့်သည်များအား အအေးပေးဝေး တိုက်လှူကြပါသည်။



တာချီလိတ်လူငယ်များအဖွဲ့၏ အစီအစဉ်အရ အအေးလှူခြင်းနှင့် ဆီမီးတစ်ထောင်ပူဇော်ခြင်းများ ပြုလုပ်မည်ဟု သတ်မှတ်ထားရာ တာချီလိတ်လူငယ်များအဖွဲ့  အမည်အား စာလုံးပုံဖော်၍ ဆီမီးပူဇော်ရန်အတွက် အဖွဲ့ဝင်များ သူငယ်ချင်းများဖြစ်သော ကိုသူရဇော်၊ ကိုဂျော်ကာ၊ ကိုသျှားသူဟန်၊ ကိုထင်လင်း၊ ကိုစိုင်းစိုင်း နှင့် သူငယ်ချင်းများမှ သွားရောက်ကာ ပုံဖော်ရေးနေကြပြီး အအေးလှူနေသူများမှလည်း လှူနေကြသည်။


အအေးများ ကုန်သွားသောအခါ ဆီမီးပူဇော်ရန်အတွက် အဖွဲ့ဝင်များ သူငယ်ချင်းများမှ ဘုရားခြေရင်း လှေကားထစ်များဆီသွားရောက်ခဲ့ကြသည်။ အဖွဲ့ဝင်လူငယ်များစုံလင်သောအခါ ဆီမီးခွက်များအား မီးစထွန်းညှိပြီး ပျော်ပျော်ပါးပါး ဆင်နွှဲကြရာ ထွန်းညှိနေလျက်ရှိသော ဆီမီးများမှာ ပုံဖော်ထားသည့်အတိုင်း တာချီလိတ်လူငယ်များအဖွဲ့ စာလုံးပုံစံဖြင့် ထိန်းလင်းနေခဲ့ပြီး ဘုရားဖူးလာ ဧည့်သည်များလည်း ၀ိုင်းအုံကြည့်၍ ပီတိဖြစ်စေတယ်လို့ မျှော်လင့်မိပါသည်။

ယခုပြုလုပ်ခဲ့သော အလှူဒါနပြုခြင်းတွင် တာချီလိတ်လူငယ်များအဖွဲ့မှ မွတ်စလင်ဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များလည်း ပါဝင်ကြပါသည်။


တာချီလိတ်လူငယ်များအဖွဲ့သည် ရှေ့ဆက်ပြီး သာရေး နာရေး ဘာသာရေး လူမှုရေးလုပ်ငန်းများကို လူငယ်များစုစုစည်းစည်းဖြင့် စိတ်ရောကိုယ်ပါ လုပ်ဆောင်သွားကြည့်မယ် လူငယ်များအဖွဲ့ဖြစ်ပါသည်။


ယခုလို အလှူမျိုးဖြစ်မြောက်စေရန်အတွက်  ပါဝင်လှူဒါန်းပေးကြသော အလှူရှင်များ၊ အဖွဲ့ဝင်များ နဲ့ အဖွဲ့ဝင်သူငယ်ချင်းများ အားလုံးကို တာချီလိတ်လူငယ်များအဖွဲ့မှ လှိုက်လှဲစွာကျေးဇူး အထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
=-------------------=----------------------=

အထက်ပါအလှူဖြစ်မြောက်စေရန်အတွက် ပါဝင် ကုသိုလ်ယူ လှူဒါန်းကြသော အလှူရှင်များမှ ရရှိသော အလှူငွေများ၊ သုံးငွေများ နှင့် ပိုငွေများမှာ
  • ၁၃၁၅၀ ဘတ် = ကောက်ခံရရှိငွေ
  •  ၈၁၅၈ ဘတ် = အလှူအတွက် သုံးငွေ
  •  ၄၉၉၂ ဘတ် = ပိုငွေ
အလှူတခုပြုလုပ်တိုင်း၌ ကောက်ခံရရှိသော အလှူငွေများ၏ ပိုငွေများအား အဖွဲ့မှ အရေးပေါ်သုံးအဖြစ်သော်လည်းကောင်း နာရေးကိစ္စများတွင် သုံးနိုင်ရန်အတွက်သော်လည်းကောင်း အဖွဲ့၏ ဖန်ငွေအဖြစ် စာရင်းများဖြင့် သိမ်းဆည်းထားလျှက်ရှိပြီး ရှေ့ဆက်လက်ပြီးလည်း တာချီလိတ်လူငယ်များအဖွဲ့မှ လိုအပ်သည့်နေရာများတွင် ဖြည့်စွတ်သွားမည်ဖြစ်ပါသည်။

မှတ်တမ်းဓါတ်ပုံများအားကြည့်ရန်
တာချီလိတ်လူငယ်များအဖွဲ့

0 comments:

Post a Comment