Thursday 29 November 2012

တာလေတရားပွဲ နောက်ဆုံးည၌ တာချီလိတ်လူငယ်များအဖွဲ့မှ ကော်ဖီလှူ

တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲတွင် နိုဝင်ဘာ(၁၅/၁၇/၁၉/) (၃)ည တရားပွဲပြုလုပ်ရာ တာချီလိတ်လူငယ်များအဖွဲ့မှ သွားရောက်၍ နိုဝင်ဘာ(၁၉)ရက်နေ့ တာလေမြို့နယ်ခွဲ၏ နောက်ဆုံးညတရားပွဲတွင် တရားနာပရိသတ်များအား ကော်ဖီဖျော်၍ အလှူဒါနပြုခဲ့ကြပါသည်။



တရားပွဲ၏ နောက်ဆုံးညတွင် တာလေမြို့နယ်ခွဲရှိ တရားနာပရိသတ်များ (၁၅၀၀)ခန့် လာရောက်ခဲ့ကြတာကို တွေ့ရှိရပြီး တရားပွဲမှာလည်း စည်းကားသိုက်မြိုက်စေခဲ့သလို တာချီလိတ်လူငယ်များအဖွဲ့မှ ကော်ဖီအလှူအပြင် ဒေသခံ အလှူရှင်များမှလည်း ရေသန့်ဗူး၊ ခေါက်ဆွဲကြော် စသည်ဖြင့် လာရောက်လှူဒါန်းကြသည်များကိုလည်း တွေ့ရှိရပါသည်။


ယင်းအလှူတွင် 3 in 1 ကော်ဖီ အထုပ်ကြီး (၂၄) ပါ (၁)ဖာ၊ ကော်ဖီမုန့်ပုလင်းကြီး(၁၀)ပုလင်း၊ သံကြား/နို့ဆီ/နိုစိမ်း/ကော်ဖီမိတ် နှင့် အအေးခွက်(၁၄၀၀)ဖြစ်ပြီး စုစုပေါင်း ကုန်ကျငွေမှာ ( ၄၉၅၀) ဘတ်ဖြစ်ပါသည်။



ယခုကဲ့သို့ အလှူများပြုလုပ်နိုင်ရန်အတွက် အဖွဲ့ဝင်လူငယ်များ သူငယ်ချင်းများ အရှင်များ၏ မတည်ပေးမှုကြောင့် ပြုလုပ်နိုင်ခြင်းဖြစ်ပါသည်။

မှတ်တမ်းဓါတ်ပုံများကို ကြည့်ရန်

တာချီလိတ်လူငယ်များအဖွဲ့

0 comments:

Post a Comment