ရေတက်လာခဲ့ရာဝမ်ကောင်းရပ်ကွက်ရှိ ချောင်းငယ်မှ ရေတက်လာမှုမျိုးဖြစ်ခဲ့သည့်အတွက် လူဦးရေ(၁၂၀)ခန့်သည် ရေတက်လာမှုကြောင့်ရေဘေးသင့်ဒုက္ခရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
တာချီလိတ်လူငယ်များအဖွဲ့မှရေဘေးဒဏ်ခံရသူများအား စားစရာများအဖြစ် ထမင်းဗူးများနှင့် ရေသန့်ဗူးများ သွားရောက်ပေးဝေခဲ့ကြပါသည်။
ချောင်းငယ်ဘေးရှိ နေအိမ်များအတွင်းသို့ ရေများ ၀င်ရောက်မှုကြောင့် အ၀တ်အစားများ၊ အသုံးအဆောင်ပစ္စည်းများ နေရာထိုင်ခင်းများ စသည်တို့သည် ရွံ့နွံများဖြင့်
ပေကျံနေခဲ့တာများရှိခဲ့သလို ရေထဲပါသွားသည်များလည်းရှိခဲ့ကြောင်းသိရသည်။ ၀မ်ကောင်းရပ်ကွက် ကချင်ရွာဘက်သွားသော အမေပုအိမ်ဝန်းဟု လူသိများသည် အိမ်ဝန်းအနီးတွင်
ချောင်းငယ်တစ်ခုရှိတာကြောင့် ရေများ အဆမတန်တက်ခဲ့မှုဖြစ်ပေါ်ခဲ့ရာ ထိုအိမ်ဝန်းထဲရှိ အိမ်ခန်းငှားနေသူများမှာ ညမှောင်မဲထဲ ကြောက်လန့်စိတ်ဖြင့် ငိုနေကြသည့် ကလေး သူငယ်များ နှင့်
မျက်မမြင်အမျိုးသမီးတစ်ဦး၏ သားသမီးဇောဖြင့် ရွံ့နွံထဲအလန့်တကြားအော်ဟစ်သံများ ပစ္စည်းများကို သယ်ယူရွေ့ပြောင်းနေကြသူများ ရွံ့နွံထဲမှ ရုန်းထွက်နေကြသော ကလေး သူငယ်များ စသည့်ဖြင့် လူဦးရေ(၅၀)ကျော်တို့သည် ထိုည၏ ရုတ်တရက်ဖြစ်ပေါ်လာသော ရေတက်လာမှုကို ခံခဲ့ကြရပါသည်။
ပုံများကိုကြည့်ရန်
တာချီလိတ်လူငယ်များအဖွဲ့မှ ရေဘေးဒဏ်ခံရသူများအား စားစရာများပေးဝေ24 photo
တာချီလိတ်လူငယ်များအဖွဲ့
0 comments:
Post a Comment