တာချီလိတ်လူငယ်များအဖွဲ့အား စတင်ဖွဲ့စည်းစဉ် အချိန်အခါက လူငယ်များအနေနဲ့ လူမှုအကျိုးပြုလုပ်ငန်းများကို စိတ်ဝင်စားမှုရှိစေရန်အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တာဖြစ်သော်လည်း ယခုအခါမှာ အဖွဲ့ဝင်လူငယ်များမှာ တာချီလိတ်မြို့တွင် အနည်းအငယ်သာ ရှိပြီး ကျန်အဖွဲ့ဝင်များမှာ အခြားလုပ်ငန်းခွင့်သို့ ၀င်ရောက်နေကြပြီဖြစ်သည့်အပြင် ကျန်ရှိနေသည့် အဖွဲ့ဝင်လူငယ်များအနေဖြင့်လည်း အချိန်မအားလပ်တော့သည် ဖြစ်သည့်အတွက် တာချီလိတ်လူငယ်များအဖွဲ့ အနေဖြင့် လူမှုရေးလုပ်ငန်းများကို ရပ်နားထားမည်ဖြစ်ပါသည်။
တာချီလိတ်လူငယ်များအဖွဲ့အနေဖြင့် ၀မ်ကောင်းရပ်ကွက်ရှိ နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအခြေခံသင်တန်းအတွက် ပုံနိပ်စာအုပ် အုပ်(၃၀၀)ကို ရန်ကုန်က စီစဉ်မှာယူပြီး ယနေ့(1.4.2013)ည (၇)နာရီက သွားရောက်လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။
စာအုပ်များ၏ ကျောဖက်တွင် ယခင်က တာချီလိတ်လူငယ်များအဖွဲ့ ဆိုပြီး အမှတ်တံဆိပ်များကို ထည့်ကာ ရိုက်နိပ်ဖို့ စိတ်ကူးခဲ့သော်လည်း အဖွဲ့အနေဖြင့် လူမှုရေးလုပ်ငန်းများကို ရပ်နားထားမည်ဖြစ်တာကြောင့် စာအုပ်၏ ကျောဖက်တွင် ထည့်ထားသော အမှတ်တံဆိပ်ကို လက်ရှိမှာ လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်နေ့သည့် မဇ္ဈိမ လူမှုကူညီရေးအသင်း၏ အမည်နှင့် အမှတ်တံဆိပ်ကို ယူကာ ထည့်သွင်းဖော်ပြထားပါသည်။ အကြောင်းမှာ အကူအညီလိုအပ်သော ပြည်သူများအနေဖြင့်လည်း မဇ္ဈိမလူမှုကူညီရေးအသင်းသို့ အကူအညီတောင်းခံနိုင်ရန်အတွက် ဖြစ်ပါသည်။
တာချီလိတ်လူငယ်များအဖွဲ့၏ နောက်ဆုံး လက်ကျန်ငွေမှာ ၁၆၀၀၀ ဘတ် ခန့် ကျန်ရှိပါသည်။ ကျန်ရှိနေသော ငွေများကို စာရင်းများရှင်း၍ မည်သည့်နေရာကို အပြီးအသတ်လှူရမည့် အစီစဉ်ကို ကျန်ရှိနေသည့် အဖွဲ့ဝင်တစ်ချို့ နှင့် တိုင်ပင်ကာ လှူဒါန်းသွားမှာဖြစ်ကြောင်း ဖော်ပြလိုက်ပါသည်။
ယခင်က ကောက်ခံရရှိခဲ့သော အလှူငွေစာရင်းများကို နောက်ဆုံးလှူဒါန်းမှုအပြီးမှာ တခါတည်း ရှင်းလင်းတင်ပြပေးသွားမှာဖြစ်သည်။
မဇ္ဈိမလူမှုကူညီရေးအသင်းတွင် ဖော်ပြထားသော သတင်း
http://www.mizzimasas.com/2013/04/blog-post_1.html